International News

Korea- Myanmar Technology Advice and Solutions from Korea (TASK) စီမံကိန်းနှင့် စပ်လျဉ်း၍ အစည်းအဝေး ကျင်းပပြုလုပ်

Last Updated:

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့၊ နေ့လည်(၂:၀၀) Korea- Myanmar Technology Advice and Solutions from Korea (TASK) စီမံကိန်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကို ရန်ကုန်မြို့၊ Pan Pacific Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ ဦးဆောင်သော တာဝန်ရှိသူများနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Korea Food Research Institute (KFRI) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီများအား နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို အကူအညီပေးရန်၊ မြန်မာနှင့်ကိုရီးယားနိုင်ငံတို့၏ စား သောက်ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်၍ Korea- Myanmar Technology Advice and Solutions from Korea (TASK) for Food Processing Industry စီမံကိန်းကို မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် Korea Food Research Institute (KFRI) တို့ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးတွင် Korea Food Research Institute (KFRI) ၊ Project Manager ၊ Dr. Seok- In Hong မှ TASK Project ရှေ့ဆက်အကောင်အထည် ဖော်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်းနှင့် TASK စီမံကိန်းတွင် ပါဝင်သော ကုမ္ပဏီ(၁၀)ခုတို့မှ မိမိတို့ ကြုံတွေ့နေရသော နည်းပညာအခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက် နေမှုများအား တင်ပြပြီး စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာအရာရှိများနှင့် KFRI မှ တာဝန်ရှိသူများသည် ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံရှိ Golden Myanmar Honey Co.,ltd ၏ ပျားရည်ထုတ်လုပ်သော စက်ရုံသို့ သွားရောက်လေ့လာ၍ နည်းပညာဆိုင်ရာ အကြံပြုဆွေးနွေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။ TASK Project သည် မြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်ငန်းများတွင် ကြုံတွေ့နေရသော နည်းပညာဆိုင်ရာ အခက်အခဲများကို ကိုရီးယားသမ္မတနိုင်ငံမှ ကျွမ်းကျင်သူ များမှ ‌ဆွေး‌နွေးအကြံပြု ပံ့ပိုး‌ဆောင်ရွက်ခြင်း၊ ကိုရီးယားသမ္မတနိုင်ငံ၏ စားသောက်ကုန်ထုတ် စက်ရုံများသို့ သွားရောက်လေ့လာခွင့် ရရှိခြင်းတို့ကြောင့် မြန်မာလုပ်ငန်းရှင်များအနေဖြင့် ၎င်း တို့ထုတ်ကုန်များ၏ အရည်အသွေးနှင့် အစားအစာလုံခြုံဘေးကင်းမှုကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်မည့် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း သတင်းရ ရှိပါသည်။

ဝါဝါထွန်း( ကုန်သွယ်မြှင့် )

Category: International News